နတ်မောက်မြို့နယ်တွင် ကျောက်မီးသွေးတင်တွဲကား တိမ်းမှောက်၊ ယာဉ်မောင်းတစ်ဦး ဒဏ်ရာရ


(မှုခင်း) နိုဝင်ဘာ ၁၈


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာအနီးတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီကျော်ခန့်က ကျောက်မီးသွေးတင်ဆောင်လာသည့် တွဲကားတစ်စီး ဈေးသာကျေးရွာအနီးတွင် တိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီခဲ့ကြသည်။


မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်တိမ်းမှောက်မှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမှာ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူကို စိတ်ဓာတ်ဖြူစင်ဂရုဏာရှင် လူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN