(ပြည်တွင်း) နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် အရှည် ၁၄၀ ပေနှင့် ၆၆ ပေရှိ တံတား ၂ စင်းကို တံတားဦးစီးဌာနက တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားများမှာ ကျုံကဒွန်း-စက်ဆန်းသွား ကားလမ်းပေါ်ရှိ အရှည် ၆၆ ပေရှိ ငါးဂွတံတားနှင့် ကျုံကဒွန်း (ကမာပို)-ဘုန်းကြီးသောင်သွား ကားလမ်းပေါ်ရှိ အရှည် ၁၄၀ ပေရှိ မယ်လေးရိုးတံတားတို့ဖြစ်သည်။
အဆိုပါတံတားများကို တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၄)၊ တံတားအထူးအဖွဲ့ (၁၅) က တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။
တံတား ၂ စင်း တည်ဆောက်ပြီးစီးပါက ဒေသတွင်းကျေးရွာများအကြား ဆက်သွယ်သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါလာမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN