မိမိတို့အပေါ်တင်နေတဲ့ သမိုင်းကြွေး ဆပ်နိုင်ခဲ့ပြီဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌပြော

(ပြည်တွင်း) နိုဝင်ဘာ ၁၁

၂၀၂၅ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ (၇၃၉)ခုမှာ (၇၂.၁) ရာခိုင်နှုန်း အနိုင်ရရှိပြီး PR အပါအဝင်ကိုယ်စားလှယ်စုစုပေါင်း (၁၀၂၅)ဦးကို တာဝန်ပေးအပ်နိုင်ခဲ့တာကြောင့် မိမိတို့အပေါ်တင်နေတဲ့ သမိုင်းကြွေး ဆပ်နိုင်ခဲ့ပြီလို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။

ဒါ့အပြင် တာဝန်ကျေပွန်ခဲ့မှုတွေအတွက်လည်း ကျေးဇူးအထူးတင်တယ်လို့ ဦးခင်ရီက ဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်တွေကို ဆန်အခမဲ့ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကပြောဆိုခဲ့တာလို့ ပါတီက ထုတ်ပါတယ်။

ပါတီကို ခေတ်မီပြီး ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံရေးပါတီဖြစ်ရေးအတွက် နယ်ပယ်အသီးသီးကို မဟာဗျူဟာစီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက်သွားမယ်လို့လည်း ဦးခင်ရီးကပြောပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ ဆန်အခမဲ့ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီဌာနချုပ်က ဦးစီးရုံးအဖွဲ့ဝင် ၂၀၀ ကျော်တက်ရောက်တယ်လို့ သိရပါတယ်။