မိတ္ထီလာကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးဝိုင်းဝန်းကြိုးစားဖို့ ပြည်ခိုင်ဖြိုးတွဲဖက်အတွင်းရေးမှုး မှာကြား

(ပြည်တွင်း) နိုဝင်ဘာ ၆

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အားလုံးကြိုးစားဆောင်ရွက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်စိုးက မိတ္ထီလာကပါတီဝင်တွေကို မှာကြားလိုက်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ပြုလုပ်ခဲ့တဲ့ မိတ္ထီလာခရိုင်မှာရှိတဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်စိုးက အခုလိုမှာကြားလိုက်တာပါ။

ဒါ့အပြင် ပါတီရဲ့ ရှေ့လုပ်ငန်းစဥ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ၊ပါတီဗဟိုဌာနချုပ်က ချမှတ်ထားတဲ့ ရေတို/ရေရှည်ရည်မှန်းချက်လုပ်ငန်းစဥ်တွေ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကိုလည်း ပါတီဝင်တွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးမှာ မြို့နယ် ၅ ခုပါဝင်နေပြီး မိတ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ယခု လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း) ရဲ့နေရာလစ်လပ်တာကြာင့် မိတ္ထီလာမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲရှိနေတဲ့ မိတ္ထီလာမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီရဲ့ ရေးရာလုပ်ငန်းတွေအလိုက် ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေ၊အားသာ/အားနည်းချက်တွေ၊ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေ၊ အကြံပြုချက်တွေကို အလွှာစုံအလိုက် စစ်တမ်းကောက်ယူမှုတွေကို ပြည်ခိုင်ဖြိုးပါတီက Pilot Project အဖြစ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Telegram – t.me/positiveanglenews

#PAN