(ပြည်တွင်း) နိုဝင်ဘာ ၃
မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ မြန်မာနိုင်ငံသား ၄၀ ဦးကို နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က အသိပေးကြေညာထားသည်။
အဆိုပါ မြန်မာနိုင်ငံသား ၄၀ ဦးကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူ၍ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် မြန်မာ့လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ်အမှတ် 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး သက်ဆိုင်ရာ မိသားစုဝင်များ သိရှိနိုင်ရန် ပြန်လည်ပို့ဆောင်မည့်သူများ၏ စာရင်းကို ဖော်ပြထားသည်။
ထို့ပြင် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မိသားစုဝင်များထံ တာဝန်ရှိသူမဟုတ်သူများက ငွေကြေးလိမ်လည်တောင်းခံသည့် ဖြစ်စဉ်များကို ကာယကံရှင်များထံမှ သိရှိရကြောင်း သံရုံးက အသိပေးထားသည်။
သို့ဖြစ်ရာ သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့် ငွေကြေးလိမ်လည်တောင်းခံမှုများကို သတိထားဆောင်ရွက်ကြရန် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က တိုက်တွန်းထားသည်။
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏ အဆိုပါ အသိပေးကြေညာချက်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN