(မှုခင်း) နိုဝင်ဘာ ၃
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဖြတ်ကျော်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂/၂ နှင့် ၁၂/၃ အကြား၊ ရန်ကုန်မှ နေပြည်တော်သို့ သွားရာလမ်းတွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၀ ဦး လိုက်ပါလာသော 8J-6328 TOYOTA TOWNACE I-ZONE LIGHT TRUCK အမျိုးအစား အဖြူရောင်ယာဉ်သည် အရှေ့မှမောင်းနှင်နေသော ယာဉ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ လမ်းလယ်ကျွန်းပေါ်မှတစ်ဆင့် နေပြည်တော်မှ ရန်ကုန်သို့ သွားရာအပြန်လမ်းဘက်သို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN