

(မှုခင်း) အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာတွင် နေအိမ်၌ရှိနေသည့် ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် အသက် ၄၅ နှစ်အရွယ် ဦးတင်ငွေနှင့် အသက် ၄၃ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်းတို့ နေအိမ်၌ ရှိနေစဉ် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာသည့် လူငါးဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ဦးတင်ငွေနှင့် ဒေါ်ဇာခြည်ဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။