(မှုခင်း)အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကွေ့တန်းရှည်ကျေးရွာရှိ ငါးကန်အတွင်း အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က ပဲခူးမြို့နယ်၊ ကွေ့တန်းရှည်ကျေးရွာနေ မောင်ဆန်းထူး(ခ)သံချောင်း (၃၅ နှစ်) သည် နေအိမ်မှ ငါး/ဖားထိုးရန် ထွက်သွားခဲ့ပြီး အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းအထိ နေအိမ်သို့ ပြန်မရောက်လာသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြသည်။
ထိုသို့ရှာဖွေရာ အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကျေးရွာရှိ အကျယ်ပေ ၁၀၀ ခန့်၊ အနက် ၁၄ ပေခန့်ရှိ ငါးကန်အတွင်း၌ မောင်ဆန်းထူး(ခ)သံချောင်းအား ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN