(ပြည်တွင်း) အောက်တိုဘာ ၂၉
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခကောက်ခံခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်ကာ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
သတ်မှတ်ထားသည့် ယာဉ်ရပ်နားခနှုန်းထားမှာ တစ်နာရီလျှင် ၅၀၀ ကျပ်ဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်ပါက မိနစ် ၃၀ အတွင်း ၃၀၀ ကျပ်နှင့် မိနစ် ၆၀ အထိ ၅၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်သည်။
ယာဉ်ရပ်နားခကောက်ခံမည့်နေရာများမှာ ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြားနှင့် ရာဇဓိရာဇ်လမ်းမှ အောင်ရတနာလမ်းကြားအတွင်းဖြစ်ပြီး ဇုန် ၈ ဇုန်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းကို သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူကာ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN