
(နိုင်ငံတကာ) အောက်တိုဘာ ၂၉
ပထမဆုံးအကြိမ် ကျင်းပမည့် BIMSTEC ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးတွဲလေ့ကျင့်ခန်းတွင် မြန်မာရေတပ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယရေတပ်က စီစဉ်ကျင်းပမည့် အဆိုပါလေ့ကျင့်ခန်းကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ ပါဝင်မည်ဖြစ်သည်။
လေ့ကျင့်ခန်း၏ အဓိကရည်ရွယ်ချက်များမှာ ပင်လယ်ရေကြောင်းဆိုင်ရာ အခြေအနေများကို သိရှိစောင့်ကြည့်နိုင်စွမ်း မြှင့်တင်ရန်၊ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု တိုးတက်စေရန်နှင့် ဒေသတွင်း ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်တို့ဖြစ်သည်။
အခမ်းအနားသို့ မြန်မာရေတပ်မှ မည်သည့်စစ်သင်္ဘောကို မည်သူဦးဆောင်စေလွှတ်မည်ကို သတင်းထုတ်ပြန်ထားခြင်းမရှိသော်လည်း SLNS Gajabahu သင်္ဘော ကို သီရိလင်္ကာရေတပ်မှ စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ချမင်ဒါ ကာရုနာဆီနာ ဦးဆောင်မည်ဖြစ်ကြောင်း သီရိလင်္ကာရေတပ်က သတင်းထုတ်ပြန်ထားသည်။