ပဲခူးအရှေ့ မြို့ရှောင်လမ်း၌မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ပွား

(မှုခင်း)အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပဲခူး-သနပ်ပင် ကားလမ်းနှင့် ပဲခူးအရှေ့မြို့ရှောင်လမ်းဆုံ၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက် ည ၉ နာရီခွဲအချိန်ခန့်က ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာအနီးအတွင် သနပ်ပင်မြို့ဘက်မှ ပဲခူးမြို့တွင်းဘက်သို့ ဝေယံဖြိုး (၁၉ နှစ်) မောင်းနှင်ပြီး နိုင်လင်းအောင် (၁၈ နှစ်) နှင့် ဇော်ထက်အောင် (၁၈ နှစ်) တို့ လိုက်ပါလာသည့် Honda Click 125 အမျိုးအစား ဆိုင်ကယ်၏ ယာဘက်ဘေးအား ပဲခူးအရှေ့မြို့ရှောင်လမ်းအတိုင်း ကလိကျေးရွာဘက်မှ မြို့ဦးကင်းတံတားဘက်သို့ နိုင်လင်းဇော် (၃၂ နှစ်) မောင်းနှင်လာသည့် MITSUBISHI ROSA မော်တော်ယာဉ်က ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဝေယံဖြိုးတွင် ဦးခေါင်းနှင့် မျက်နှာတို့၌ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ နိုင်လင်းအောင်နှင့် ဇော်ထက်အောင်တို့တွင် ပွန်းခြစ်/နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ၎င်းတို့ (၃) ဦးအား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်ကို ပေါ့လျော့မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း နိုင်လင်းဇော်အား အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Telegram – t.me/positiveanglenews

#PAN