(မှုခင်း) အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် အမျိုးသမီးနှင့် ကလေးဆေးရုံဝင်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို ခိုးယူတွန်းလာသူ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ရုံးကြီးလမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံလမ်းထောင့်၌ ဆိုင်ကယ်တစ်စီးကို တွန်းယူလာသည့် အမျိုးသားတစ်ဦးအား တွေ့ရှိ၍ တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဆိုင်ကယ်တွန်းယူလာသူမှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ဇံမင်းဦးဆိုသူဖြစ်ပြီး ၎င်းတွန်းလာသည့် KAMAX Wave-110 အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှာ ယင်းနေ့ ည ၁၀ နာရီခွဲအချိန်ခန့်က အမျိုးသမီးနှင့် ကလေးဆေးရုံဝင်းအတွင်းမှ ဇက်သော့ချိုးကာ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
အဆိုပါဆိုင်ကယ်မှာ ဇနီးဖြစ်သူ မီးဖွားရန် ဆေးရုံသို့ လာရောက်ပြသနေသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ဖြစ်ကြောင်း သိရပြီး ဆိုင်ကယ်ကို သိမ်းဆည်းကာ ခိုးယူသူ ဇံမင်းဦးအား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN