

(မှုခင်း) အောက်တိုဘာ ၂၅
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၅ ရက်အတွင်း မော်တော်ယာဉ်တစ်စီးနှင့် ဘားဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပထမဖြစ်စဉ်မှာ ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရေပန်းဥယျာဉ်အနီး၌ ဆိုကရေးတီးပြိုင်ပွဲ ကြိုပို့လုပ်ငန်းအတွက် အသုံးပြုသည့် ဝန်ကြီးဌာနပိုင် မော်တော်ယာဉ်တစ်စီး မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ဒုတိယဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၃ နာရီ ၁၆ မိနစ်ခန့်တွင် ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းရှိ EXCELLENT BAR အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါမီးလောင်မှုကို ဗဟိုမီးသတ်စခန်း၊ ဒက္ခိဏခရိုင်မီးသတ်စခန်းနှင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဘားဆိုင်မီးလောင်မှုတွင် လူအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ထုတ်ပြန်ချက် မရှိသေးသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။