မကာအိုဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ စီစဉ်မှုကို တစ်နှစ်ထပ်မံ သက်တမ်းတိုး

(ခရီးသွား) အောက်တိုဘာ ၂၂

ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) (Visa on Arrival – Tourist) စီစဉ်ပေးမှုကို တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

အဆိုပါ ဆိုက်ရောက်ဗီဇာစီစဉ်ပေးမှုကို စမ်းသပ်ကာလအဖြစ် ဒုတိယအကြိမ် တစ်နှစ်သက်တမ်းတိုးမြှင့်ပေးခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၇ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ်သည် သတ်မှတ်ထားသည့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) စီစဉ်ပေးမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် သက်တမ်းတိုးခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN