(မှုခင်း)အောက်တိုဘာ ၂၂
ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၂၉၁/၀တွင်ခရီးသည် အမျိုးသမီး ၁ဦး ကားတိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ရက် ည၁၁နာရီ၄၀မိနစ်အချိန်ကရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်မောင်းနှင်လာသည့် ယာဉ်မောင်းပါ အမျိုးသား၁၀ဦး၊ အမျိုးသမီး ၁၃ဦး၊ ပေါင်း၂၃ဦး လိုက်ပါလာသည့် Scania TOURING အမျိုးအစား1N/5878၊ မန္တလာမင်း ခရီးသည်တင်(Express ) ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ခရီးသည်အမျိုးသမီး တစ်ဦးမှအရေးပေါ် ကျန်းမာရေးကိစ္စရှိ၍ ကားရပ်ပေးရန် တောင်းဆိုခဲ့သဖြင့် လမ်းဘေးမြေသားပေါ်တွင် ခေတ္တရပ်တန့်ပေးခဲ့သည်။
ထိုစဥ်ခရီးသည်အမျိုးသမီးမှာ ယာဥ်အနီး လမ်း၏လက်ယာမြေသားဘက်သို့ မသွားဘဲ ဆန့်ကျင်ဖက် လမ်းတစ်ဖက်ခြမ်းသို့ ရုတ်တရက် ဖြတ်ကူးရာ လားရာတူ အနောက်မှမောင်းနှင်လာသော 2G/5412 YUTONG အမျိုးအစား နယူးမန္တလာထွန်း ယာဉ်ဖြင့် တိုက်မိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။
အမြန်လမ်းပေါ်တွင်စည်းကမ်းမဲ့လမ်းဖြတ်ကူးသော သေဆုံးသူအမျိုးသမီးအား အမြန်လမ်းမကြီးဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN