(မှုခင်း) အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ စဉ့်ကူနယ်မြေရဲစခန်းကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာနှင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် စဉ့်ကူနယ်မြေရဲစခန်းမှူး ရဲအုပ်နေဝင်းကျော် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အင်အား ၂၀ ဦးခန့်ရှိသည့် အကြမ်းဖက်ခေါင်းဆောင် (စိစစ်ဆဲ) ဦးဆောင်သောအဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာနှင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ ပူးပေါင်းအဖွဲ့သည် စဉ့်ကူနယ်မြေသို့ ရောက်ရှိကာ ကျောက်တဲလမ်းဆုံမှ ၈၁ မမ မော်တာကျည် ၅ လုံးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက်နက်ကိုင်အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်အတွင်း စဉ့်ကူနယ်မြေရဲစခန်းမှ ရဲတပ်သား ၂ ဦးမှာ လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ ရရှိခဲ့ေသာကြောင့် ဒဏ်ရာများဖြင့် စိုးရိမ်ရသည့်အခြေအနေရှိခဲ့ပြီး ချောက်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိထားသည့်ဒဏ်ရာများကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN