(ပြည်တွင်း)အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဘောလုံးသမားတစ်ဦး သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်းတွင် မြို့မ(၁) အသင်း နှင့် ကွမ်လှာအသင်း ကစားနေစဉ် မြို့မ(၁)အသင်းမှ ကိုသားကြီးဆိုသူသည် လူစားလဲကာ ကွင်းဘေး၌ နားနေစဉ် သတိမေ့လဲကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြို့မ(၁)အသင်းမှ ကိုသားကြီးအား မြန်မာ့လူငယ်(Y.Rescue)နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ရှေးဦးသူနာပြုစုနည်းဖြင့် စနစ်တကျပြုစုပြီး မုဒုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN