(ပြည်တွင်း) အောက်တိုဘာ ၁၉
PSLF/ TNLA ဆီကိုပူးပေါင်းသွားတဲ့ ဦးဂူဆီး နဲ့ လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော် လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်ပြီးအလင်းဝင်တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။
ဦးဂူဆီး ဟာ ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ချိန်မှာ ဦးဂူဆီးက သူ့အဖွဲ့နဲ့အတူ TNLA ဘက်ကို ပူးပေါင်းသွားတာလို့ အဲဒီအချိန်ကဖော်ပြခဲ့တဲ့သတင်းတွေအရ သိရပါတယ်။
သူနဲ့ သူ့အဖွဲ့ မိုးမိတ်မြို့နယ်အထက်ပိုင်းက ခါချယ်ရွာ (Kha Chay) စခန်းမှာ အခြေပြုခဲ့တဲ့ TNLA တပ်မဟာ (၃) လက်အောက်မှာခိုလုံရာကနေ TNLA တွေ နမ့်ဆန်ဘက်ကို ပြောင်းရွှေ့တာကြောင့် အစိုးရထံ ပြန်လည်အလင်းဝင်တာလို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပလောင်တပ် PSLF/TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှာပဲ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီး ဦးဆောင်တဲ့ အဖွဲ့ကလည်း ပူးပေါင်းလာခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့မှာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဦးဂူဆီးက သူ့အဖွဲ့နဲ့ လီဆူတပ်ဖွဲ့ဝင်အချို့ဟာ သူ့ရဲ့ဇာတိမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့မှာတော့ ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော်ဟာ လက်နက်ခဲယမ်း(၅၀)ဝန်းကျင်နဲ့အတူ အလင်းဝင်ရောက်ခဲ့ကြတာလို့ သိရပါတယ်။

Telegram – t.me/positiveanglenews
#PAN