လားရှိုးမြို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ ၄ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး

(ပြည်တွင်း) အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၄ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့၊ လားရှိုးကြီးရပ်ကွက်၊ နယ်မြေ (၁၉)၊ ဆင်းရွှေလီလမ်းသွယ်ရှိ နေအိမ်တစ်လုံးတွင် အိမ်ငှားနေထိုင်သူများက အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် လားရှိုးခရိုင်ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအချိန်ခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ အမ်ပလိတ်၊ ညီတောင်း၊ အိုက်ဆာနှင့် ဆမ်ရုန်းတို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် အသုံးပြုသည်ဟု ယူဆရသော ဆိုလာပြား ၁ ချပ်၊ ဆက်စပ်ပစ္စည်းများ၊ WIFI စက် ၁ လုံး၊ လက်ကိုင်ဖုန်း ၆ လုံးနှင့် Laptop ၃ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၄ ဦးကို လားရှိုးနယ်မြေရဲစခန်းတွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၂/၅၃/၅၅ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN