( ပြည်တွင်း) အောက်တိုဘာ ၁၆
ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုမြှင့်တင်ပေးနိုင်မယ့်အဆိုကို မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆိုတဲ့ဆုံးဖြတ်နဲ့ကျေနပ်လိုက်ရတဲ့ ဘားအံလွှတ်တော်အမတ်ဟာ ကိုယ်စားလှယ်တွေအတွက် အခမဲ့ပေးမယ့် ကျန်းမာရေးစစ်ဆေးမှုကို ငြင်းပယ်လိုက်ပါတယ်။
ငြင်းပယ်လိုက်တဲ့အကြောင်းအရင်းက ပြည်သူ့တွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုအဆိုကို လစ်လျှူပြုခဲ့ကြလို့ ပြည်သူမရတဲ့ ဒီလိုအခွင့်ထူးမျိုးကိုမခံတာလို့ သူက လူမှုကွန်ယက်ကတဆင့်ပြောဆိုထားပါတယ်။
လွှတ်တော်အမတ်များကို အခမဲ့ကျန်းမာ/စစ်ဆေးမှု ဆောင်ရွက်ပေးနေပါတယ် ဒီနေ့၁၆-၁၀-၂၀၂၆ လွှတ်တော်ပြီးလျှင် ခုတင်၁၀၀၀သို့သွားရပါမယ် ပြည်သူ့များ၏ကျန်းမာရေး စောင့်ရှောက်မှုအဆိုကို လစ်လျှူပြုခဲ့ကြတဲ့အတွက် ပြည့်သူမရတဲ့ဒီလိုအခွင့်ထူး မျိုးကို ကျွန်တော်မခံယူတော့ပါဘူး ” လို့ ဘားအံပြည်သူ့လွှတ်တော်အမတ် ဦးသက်နိုင်ဦးက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့အပြီးမှာ နေပြည်တော်မှာရှိတဲ့ အထွေဆေထွရောဂါကုဆေးရုံကြီး ကုတင် ၁၀၀၀ မှာ လွှတ်တော်အမတ်တွေကို အခမဲ့ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးမှာဖြစ်တာလို့လည်း သိရပါတယ် ဘားအံပြည်သူ့လွှတ်တော်အမတ် ဦးသက်နိုင်ဦးရဲ့ “ပြင်ပလူနာဌာနကြီး ထူထောင်ဖွင့်လှစ်ပေးဖို့နဲ့ ရောဂါကြီးတွေကို နိုင်ငံတကာအဆင့်မီ ကုသမှု ခံယူနိုင်ဖို့အတွက် ဒေသဇုန်ကြီးတွေအလိုက် အဆင့်မြင့်အထူးကုဆေးရုံကြီးတွေ ထူထောင်ဖွင့်လှစ်ရေးအဆိုကို လွှတ်တော်မှာဆွေးနွေးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီအဆို ပြန်လည်ရုပ်သိမ်းထားတာဖြစ်ပေမယ့် အဆိုကိုရုပ်သိမ်းခွင့်မပြုပဲ ပြန်ပြီးတင်သွင်းခွင့်ပြုလိုက်တဲ့အတွက် ဥက္ကဋ္ဌကို ကျေးဇူးတင်သလို အဆိုအပေါ်မှာစေတနာပါပါနဲ့ ဆွေးနွေးခဲ့ကြတဲ့ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ အောက်တိုဘာ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုရှင်ရဲ့သဘောထားမှာထည့်ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၄ ရက်နေ့က ပြသနေကျဆေးခန်းမှာ ဆေးစစ်ဖို့သွားရောက်ချိန်မှာ တော်တော်စိတ်မကောင်းဖြစ်တယ်။ ပြင်ပဆေးရုံကြီးတစ်ရုံမှာ သမားတော်ကြီးနဲ့ပြဖို့ လူနာ ၂၀၀ /၃၀၀ တန်းစီနေတယ်။
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ သူတို့မျက်နှာတွေမှာသောကတွေ ကျွန်တော်က အဲ့ဒါတွေ မြင်ရရင် စိတ်မချမ်းသာဘူး။ဒါမျိုးတစ်နိုင်ငံလုံးမှာ ဖြစ်နေတယ်။ ဒီအတွက် ပြင်ပလူနာဌာနကြီးဆိုတဲ့ကိစ္စက ဖြစ်လာတာဖြစ်တယ်လို့ သူက အဲ့ဒီနေ့က ရှင်းပြပါတယ်။ဆေးရုံတွေမှာ ရှိပါတယ်။ OPT ဒါပေမယ့် အလုပ်ဖြစ်မဖြစ်ဆိုတာကျွန်တော်တို့သေသေခြာခြာပြန်ဆန်းစစ်ဖို့ကို မေတ္တာရပ်ခံချင်ပါတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

Telegram – t.me/positiveanglenews
#PAN