ရွာငံမြို့နယ်တွင် စိတ်ကြွဆေးပြားများသယ်ဆောင်လာသူအမျိုးသမီးအား ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ရွာငံမြို့နယ်တွင် စိတ်ကြွဆေးပြားများသယ်ဆောင်လာသူအမျိုးသမီးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်၁၀နါရီ၅၀မိနစ် အချိန်က ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေစဉ် ပင်းတယမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် မဖြူသွယ်ဝင်း သယ်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသည့် တရားခံ မဖြူသွယ်ဝင်း(၂၈)နှစ်အား ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN