ထိုင်းနိုင်ငံ မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၂၁ ဦး ဖမ်းဆီးခံရ

(နိုင်ငံတကာ) အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲကာဆာဒေသ၌ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ယူဂန်ဒါနိုင်ငံသား ၂၁ ဦးကို အောက်တိုဘာ ၁၃ ရက် နံနက် ၆ နာရီခွဲတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရာဂျာမနု အထူးတပ်ဖွဲ့နှင့် အမှတ် ၁၄၃၁ ခြေလျင်တပ်ရင်းမှ အရာရှိများက မဲကာဆာဒေသ၊ မူး ၁၀ အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့သည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်းနှင့် တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ၂၁ ဦးကို ဆက်လက်စစ်ဆေးကာ ဥပဒေအရ အရေးယူနိုင်ရေးအတွက် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN