(ပြည်တွင်း) အောက်တိုဘာ ၁၄
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ KTV ဆိုင်များတွင် မူးယစ်ဆေးဝါး သုံးစွဲမှုရှိ၊ မရှိ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ KTV နှစ်ဆိုင်မှ ကတ်တမင်းနှင့် Happy Water များ တွေ့ရှိခဲ့ပြီး လူ ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီက ဒေသအုပ်ချုပ်နှင့်လုံခြုံရေးပူးပေါင်းအဖွဲ့သည် ကန်ကောက်ရပ်ကွက်ရှိ Paradise KTV နှင့် အောက်တိုဘာ ၁၂ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ 7 Mandalay KTV ကို ဝင်ရောက်စစ်ဆေးခဲ့ရာ VIP 2 အခန်းအတွင်းမှ ကတ်တမင်း ၂.၅ ဂရမ်ခန့်၊ တန်ဖိုး ၆၂,၅၀၀ ကျပ်ခန့်နှင့် Happy Water ပန်းရောင်အမှုန့် တစ်ဂရမ်ခန့်၊ တန်ဖိုး ၆၀,၀၀၀ ကျပ်ခန့်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။
အလားတူ အောက်တိုဘာ ၁၂ ရက် နံနက် ၃ နာရီ ၁၅ မိနစ်တွင် ကန်ကောက်ရပ်ကွက်ရှိ LASVEGAS KTV ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ VIP 2 အခန်းအတွင်းမှ ကတ်တမင်း နှစ်ဂရမ်ခန့်၊ တန်ဖိုး ၅၀,၀၀၀ ကျပ်ခန့်ကို ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိသူများကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN