မင်းဓမ္မလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ၂ ဦး‌သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

(မှုခင်း)အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၂ ဦး‌သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ကောက်တိုဘာ ၁၀ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်အတွင်း လူညပ်နေသဖြင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦးအနက်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ‌သေဆုံးခဲ့ကာ ကျန်အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင်ပရဟိတအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN