(မှုခင်း) အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ကျောက်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို PDF အကြမ်းဖက်သမားအဖွဲ့က ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်သာမြို့၊ မင်းစုရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုးအိဖြူသည် တောင်သာမြို့မှ ကျောက်ပုံကျေးရွာသို့ တောင်သာ-သာစည်-တဲကြီးကုန်း-ကျောက်ပုံလမ်းအတိုင်း ဆိုင်ကယ်တစ်စီးတည်းဖြင့် မောင်းနှင်သွားစဉ် သာစည်ကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်သမားအဖွဲ့က အင်အားမသိရသေးဘဲ အကြမ်းဖက်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား အကြမ်းဖက်ဖမ်းဆီးခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN