(ပြည်တွင်း) အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီရွာသစ်ကျေးရွာအနီးတွင် နွားစာရိတ်နေသည့် အမျိုးသမီးနှစ်ဦးသည် လက်လုပ်နင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တောင်ဘီရွာသစ်ကျေးရွာနေ ဒေါ်ခင်ချိုဦး (ခ) မချို၊ အသက် ၃၅ နှစ်နှင့် မခိုင်မာဦး၊ အသက် ၂၇ နှစ်တို့သည် ကျေးရွာအနီးတွင် နွားစာရိတ်နေစဉ် ဒေါ်ခင်ချိုဦး (ခ) မချိုက လက်လုပ်နင်းမိုင်းတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဆေးရုံ၌ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်ကို စိစစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လက်လုပ်နင်းမိုင်းကို PDF အမည်ခံအဖွဲ့က ထောင်ထားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN