လယ်ဝေးမြို့နယ်တွင် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၁ဦးအား အကြမ်းဖက်PDFများက သေနတ်ဖြင့် ပစ်သတ်

(ပြည်တွင်း)အောက်တိုဘာ ၈

နေပြည်တော် ၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာ၊ သီဟိုဠ်ခြံအနီးရှိနေအိမ်တွင် အောက်တိုဘာ ၇ရက် ည ၁၁နာရီခွဲအချိန်ခန့်က အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၁ဦးအား အကြမ်းဖက်PDFများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ဦးဝင်းဦး (၄၂)နှစ် (ဘ) ဦးဝင်းညွန့်တွင် ယာနားထင်ကျည်ဖောက်ဝင်၊ နောက်စေ့ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင် ၁ ချက်၊ ဇနီးဖြစ်သူ ဒေါ်ဖြူသွယ်ဦး (၃၅)နှစ် (ဘ) ဦးနုတွင် ကျည် ယာနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယောက္ဖဖြစ်သူ မောင်စိုးလင်းထက် (၂၀)နှစ်တွင်ကျည် ဝဲမျက်ခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် တူဖြစ်သူ မောင်ဆန်းသူအောင်(၁၇)နှစ်တွင် ကျည် ယာရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးလျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ ၅.၅၆ မမကျည်ခွံ ၁၃ ခုအားတွေ့ရှိရပြီး အကြမ်းဖက်PDF ၆ ဦးခန့်သည် ကျေးရွာအတွင်းခြောက်လှန့်ပစ်ခတ်၍ အရှေ့မြောက်ဘက်သို့ထွက်ခွာသွားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN