အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ခရီးသွားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာ ၄ရက် နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာနေသူများဖြစ်ကြသည့် ဦးဖုန်းမြင့်မောင်(၄၆)နှစ်၊ ဦးသိန်းဇော်(၅၃)နှစ်၊ ဒေါ်ငုဝါခိုင်(၄၈)နှစ်နှင့် မရတနာသိမ့်(၂၂)နှစ်တို့သည် ဝဲကြီးကျေးရွာမှ ဖြူးမြို့သို့ မော်တော်ယာဉ် တစ်စီးဖြင့် ထွက်ခွာလာစဉ် ဝဲကြီးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ ဇောင်းလျားခုံကျေးရွာအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

  အဆိုပါ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN