(ပြည်တွင်း)အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် PDFအချင်းချင်း လုပ်ကြံ ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် တန့်ဆည်မြို့နယ်တွင် လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် PDFအကြမ်းဖက်တပ်ဖွဲ့ဝင်ကျောက်ခဲမှ အတူတူ တာဝန်ထမ်းဆောင်နေသည့်အခြား PDF ၁ဦးအား ပစ်ခတ်သတ်ဖြတ်ကာ လက်နက် ၂ လက် ယူဆောင်ပြီး ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူကျောက်ခဲသည် ဒီပဲယင်းအခြေစိုက် PDFအကြမ်းဖက်တပ်ရင်းစုပေါင်းအဖွဲ့ ၂၁ တပ်ရင်းမှ ၁ဦးဖြစ်ပြီး သေဆုံးသွားသူသည် အကြမ်းဖက် တပ်ရင်း ၁၂ မှ PDF တပ်ဖွဲ့ဝင် ၁ဦးဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN