(မှုခင်း)အောက်တိုဘာ ၅
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျစံပြရပ်ကွက်၊ နယ်မြေ(၂)အတွင်းရှိ အိမ်အမှတ်(၁၇)နေအိမ်ရှေ့ရေမြောင်းဘေးတွင် အမျိုးသား(၁)ဦးရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ရက် နံနက် ၁ဝနာရီ အချိန်ခန့်တွင် အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အောင်ဇေယျစံပြရပ်ကွက်၊ နယ်မြေ(၁)နေ ဦးမောင်စိုး၊ ၄၁နှစ်၊ (ဘ)ဦးသိန်းမြင့်ဖြစ်ပြီး အောင်ဇေယျစံပြ ရပ်ကွက်၊နယ်မြေ(၂)၊အရှေ့ရွာပတ်လမ်းရှိ ရေမြေင်းအတွင်း နှုတ်ခမ်းပြာ၊ လက်ချောင်းများကွေး ကောက်လျှက် ရေနစ်သေဆုံးနေသည် ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား သဗ္ဗသုခလူမှုကူညီရေးအသင်း ယာဉ်ဖြင့် ပျဉ်းမနားမြို့နယ်၊ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံသ်ု့ ပို့ဆောင်ထားရှိပြီး မောင်စိုး ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် သေမှုသေခင်းရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN