(မှုခင်း) အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနှင့် ကုန်းကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းတွင် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က ယာဉ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းစခန်းမှ သူနာတင်ယာဉ်(၁)စီး၊ ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ အိုးဘိုလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၂)စီး၊ ပညာမောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းသားများ၊ လူမှုကူညီရေးအသင်းသားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကျား(၂)ဦးနှင့် မ(၈)ဦး (ေ-သဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ မ(၃)ဦးတို့အား စစ်ကိုင်းကုတင်(၃၀၀)ပြည်သူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN