(ပြည်တွင်း) အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁)၊ ချီဖွေမြို့နယ်၊ လာဂွေကျေးရွာတွင် စက်တင်ဘာ ၂ ရက်က ရမ်းဂိုဒေါင်နှင့် ဗုံးပြုလုပ်သည့် စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လာဂွေကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး လူ ၁၁ ဦး သေဆုံးကာ ၂၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တင်ပြချက်များအရ သိရသည်။
အဆိုပါပေါက်ကွဲမှုသည် ချီဖွေမြို့နယ်၊ လာဂွေကျေးရွာရှိ တိုလှောင်ထားသည့် ရမ်းဂိုဒေါင်နှင့် ခေါင်လန်ဖူးဒေသတွင် အသုံးပြုနေသည့် ဗုံးများ ပြုလုပ်နေသည့် စက်ရုံ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ ပြောဆိုကြသည်။
ပေါက်ကွဲမှုကြောင့် လာဂွေကျောင်းနှင့် အနီးဝန်းကျင်ရှိ မိဘပြည်သူများ၏ နေအိမ်များ ပျက်စီးခဲ့သည့်အပြင် ကချင်ကျောင်းဆရာ၊ ဆရာမများနှင့် ဗုံးပြုလုပ်သည့် ပညာရှင်များအပါအဝင် လူ ၁၁ ဦး သေဆုံးပြီး လူ ၂၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ KIA/O အဖွဲ့ကြောင့် ကချင်ပြည်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများမှ ပြောဆိုနေကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN