

(မှုခင်း) စက်တင်ဘာ ၂၅
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာ/အုပ်စု၊ ကြိမ်ဘန်စမ်းတောင်ခြေအနီးတွင် စက်တင်ဘာ ၂၅ နံနက် ခွဲအချိန်ခန့်က ညီအကို(၂)ဦးအား ဓားခုတ်ဒဏ်ရာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း သိရသည်။
သေဆုံးသူ ၂ဥိးမှာ ပင်သောင်ကျေးရွာအုပ်စု၊ ကြိမ်ဘန်စမ်းကျေးရွာမှ( ဘ)ဦးမြင်ကြည်၏ သား ဖိုးချစ်( ၂၁)နှစ်နှင့် လှမျိုးထွေး(၃၁)နှစ်တို့ဖြစ်ပြီး လှမျိုးထွေး၏ ဇနီး ၏ ပြောပြချက်အရ စက်တင်ဘာ ၂၄ရက် ည ၇နာရီ အချိန်ခန့်တွင် သေဆုံးသူ ခင်ပွန်း လှမျိုးထွေးနှင့် ဖိုးချစ်တို့ ညီအစ်ကို နှစ်ဦးသည် (၁)မိုင်ခန့်ရှိသော ကညင်ပင်ကျေးရွာသို့ စျေးဝယ်ရန်ဟုပြောဆိုကာ ထွက်သွားပြီး နာရီဝက်ခန့်အကြာတွက် ၎င်းတို့သွားသည့်ဘက်ခြမ်းမှ သေနတ်ပစ်ဖောက်သံ (၄)ချက်ခန့် ကြားခဲ့ရကြောင်း မနန်းမှ နောက်တစ်နေ့ နံနက် ၇နာရီ အချိန်ခန့်တွင် ၎င်းတို့ညီအစ်ကို( ၂)ဦးအား လိုက်လံရှာဖွေရာ နေအိမ်မှ (၄ )ဖာလုံခန့်အကွာတွင် ခင်းပွန်းဖြစ်သူ လှမျိုးထွေးမှာ မျက်နှာပြတ်ရှ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့်(သေဆုံးလျက်)ဖိုးချစ်မှာ ဦးခေါင်းနှောက်စေ့ပြတ်ရှ၊ ဦးခေါင်းဘေးဘက် ပွင့်ထွက်၊ လယ်ပင်းဝဲဘက်ပွင့်ဒဏ်ရာများဖြင့်(သေဆုံးလျက်) တွေ့ရှိရသဖြင့် ပင်သောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ပြောပြချက်အရ သိရသည်။
အဆိုပါ သေဆုံးသူ ဖိုးချစ် နှင့် လှမျိုးထွေးတို့၏ရုပ်အလောင်းအား အေလာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးမှုနှင့်ပတ်ဆက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။