သံဖြူဇရပ်တွင် ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ ၄ဦး ထိခိုက်ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်အချင်းချင်းတိုက်မိမှု‌ဖြစ်ပွားရာမှ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၅ နံနက် ၇ နာရီခွဲအချိန်ခန့်က သံဖြူဇရပ်မြို့၊ အောင်ဆန်းလမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှစ်စီးတိုက်မိမှုကြောင့် အမျိုးသား ၁ဦး၊ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းလူမှုရေးအသင်းဖွဲ့မှ သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၄ဦးအနက် အမျိုးသမီး ၁ဦးကိုမှာ ဒဏ်ရာပြင်းထန်သဖြင့် မော်လမြိုင်ဆေးရုံကြီးသို့မှ ဆက်လက် ပို့ဆောင်ပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN