(နိုင်ငံတကာ) စက်တင်ဘာ ၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်ဖလက်ခရိုင်တွင် အမျိုးသားတစ်ဦးက မိသားစုနေအိမ်ကို မီးရှို့ပြီး သေနတ်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က SWAT အဖွဲ့ဖြင့် ဝင်ရောက်ထိန်းချုပ်ခဲ့သည်။
တစ်နာရီကျော်ကြာ စစ်ဆင်ရေးအပြီး အဆိုပါအမျိုးသားကို နေအိမ်ဒုတိယထပ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။နေအိမ်အတွင်းမှ သေနတ်များ၊ ကျည်ဆန်များနှင့် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းဟု ယူဆရသည့် အရာများကိုလည်း တွေ့ရှိခဲ့သည်။
သေဆုံးသူသည် ဗိုလ်ချုပ်အဆင့် စစ်ဘက်အရာရှိဟောင်းတစ်ဦး၏ သားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Telegram – t.me/positiveanglenews
#PAN