(မှုခင်း)စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမပေါ်တွင် ရပ်ထားသည့် ၁၂ ဘီးကားအား ဆိုင်ကယ်မှ နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းက တောင်ကြီး-ဟိုပုံးလမ်း၊ မဲသောင်းကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၁၁၉/၁) နေရာတွင် ဟိုပုံးဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသော Hino Profia အမျိုးအစား ၁၂ ဘီးယာဉ်သည် ဆီပိုက်လေခို၍ လမ်းအလယ်ကြောတွင် ရပ်တန့်ထားစဉ် လားရာတူအတိုင်း အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်က နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးနှင့် ဆိုင်ကယ်သည် ၁၂ ဘီးယာဉ်၏ အောက်သို့ ဝင်ရောက်ညှပ်မိကာ နှာခေါင်းရိုးကျိုးဒဏ်ရာ၊ ယာဘက်လက်မ ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN