ရွှေနဝလီဆိုင်ရှင်အား တူနှင့်ထုပြီး လုယက်ထွက်ပြေးသူကိုဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထုပြီး ငွေများလုယက်ထွက်ပြေးသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် အထက်ပုဇွန်တောင်လမ်း တိုက်အမှတ်၇၃ မြေညီ လှေခါးခွင်တွင် ရွှေနဝလီဆိုင်ရှင် ဦးမျိုးတင့် (၆၈) နှစ်ထံသို့ ဝင်းပိုင်စိုး (၃၀) နှစ် ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက် ဦးရွှေဂွန်းလမ်း တိုက်အမှတ်(xxx)နေသူရောက်ရှိလာကာ ရွှေဆွဲကြိုး (အတု)ကို ရောင်းလိုကြောင်းပြောပြီး ဦးမျိုးတင့်အား အသင့်ယူဆောင်လာသော တူဖြင့်ငယ်ထိပ်သို့ထုပြီး ငွေထုပ် (ခန့်မှန်းကျပ်သိန်းလေးဆယ်ကျော်ခန့်)ကိုလုယူထွက်ပြေးသွားခဲ့သည်။

ထို့နောက် အနီးဝန်းကျင်ရှ တာဝန်သိပြည်သူတို့၏ ဖမ်းဆီးမှုကြောင့် ရေကျော်လမ်းနှင့် လိပ်ကန်လမ်းဆုံနေရာတွင် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN