သထုံမြို့တွင် ရထား နှင့် ကားတိုက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၉မွန်ပြည်နယ် ၊ သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီးတွင် ရန်ကုန် – မော်လမြိုင်ရထားသံလမ်းကူးနေရာ၌ ရထား နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ (၁၉) ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ရန်ကုန်ဘူတာမှ မော်လမြိုင်ဘူတာသို့ ခုတ်မောင်းလာသည့် ရထား နှင့် ဆင်ဖြူကျေးရွာဘက်မှ ပေါ်တော်မူကျေးရွာဘက်သို့မောင်းနှင်လာသည့် Light Trunk ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရထားနှင့် ကားတိုက်မှုကြောင့် ကားမှာ လမ်းဘေးထိုးကျခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ Light Truck ယာဉ်မောင်းအား အကြင်နာတွဲလက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Light Truck ယာဉ်မောင်းအား ဥပဒေနှင့် အညီအရေးယူနိုင်ရန် သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN