
(မှုခင်း) စက်တင်ဘာ ၁၇
ရန်ကုန်-မန္တလေးအမြန်လမ်း၊ ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်းကားရပ်နားရန်နေရာတွင် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ရက် နံနက်၇နာရီ၅၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉မိုင် ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်းကားရပ်နားရန်နေရာ၌ ရန်ကုန်မှ နေပြည်တော်သို့ယာဉ်မောင်းပါ အမျိုးသား ၁ဦး၊ အမျိုးသမီး ၃ဦး စုစုပေါင်း ၄ဦး လိုက်ပါလာသော KIA SELTOS (အနက်ရောင်) SUV ယာဉ်သည် ယာဉ်ရပ်နားစခန်းတွင် ဝင်ရောက်ပြီး ပြန်ထွက်စဉ် ယာဉ်မောင်း အမျိုးသားမှာ ရုတ်တရက်အတက်ရောဂါဖောက်သဖြင့် ခြေထောက်အကြောများတောင့်သွားပြီး ယာဉ်၏ အရှိန်မြှင့်ခြေနင်း (Gas Pedal / Accelerator/ လီဗာ) အားဖိနင်းမိခဲ့သည်။


ထို့နောက်ယာဥ်မှာအရှိန်မထိန်းနိုင်ဘဲ ယာဉ်ရပ်နားစခန်းအတွင်းရှိ ပလက်ဖောင်းအုတ်ခုံအား ကျော်တက်ပြီး ယာဉ်ရပ်နားရန်ဆောက်လုပ်ပေးထားသည့် သွပ်မိုးအဆောက်အဦနှင့် ပန်းအုတ်ခုံတို့အား ၀င်တိုက်ခဲ့သော ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသမီး၁ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ယာဥ်မှာလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။