(စီးပွားရေး) စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖမ်းဆီးရမိထားသည့် အကောက်ခွန်မဲ့ အေးခဲကြက်သား၊ ဝက်သားနှင့် အသားလုံးများကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ပူးပေါင်းအဖွဲ့က မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အေးခဲအသားများကို တာချီလိတ်မြို့ ပုန်ထွန်ရပ်ကွက်ရှိ ကျောက်တောင်သင်္ချိုင်းနေရာ၌ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေမြှုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်ဖျက်ဆီးမှုတွင် ခရိုင်စားသုံးသူရေးရာအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှ တံတား(၁) လုံခြုံရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ FDA၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အေးခဲအသားများကို အကောက်ခွန်မဲ့ တင်သွင်းမှုများမှတစ်ဆင့် ပြည်တွင်းဈေးကွက်အတွင်း မဝင်ရောက်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီသော အသားထုတ်ကုန်များ စားသုံးသူများထံသို့ ရောက်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက ဖမ်းဆီးစစ်ဆေးခြင်းနှင့် ဖျက်ဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN