
(မှုခင်း) စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ဆိုင်ကယ်ခိုးယူလာသူ လူငယ် ၂ ဦးအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ညပိုင်းအချိန်က အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ စိုင်းထက်ဦး(ခ)အိုလေး ၊ ၂၀ နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ သော်တာမင်း ၊ ၁၉ နှစ် လိုက်ပါစီးနင်းလာသည့် 88W- 29369 နံပါတ်ပါ KAMAX 110 အမျိုးအစား (လိုင် စင်စိစစ်ဆဲ) ၊ ခဲ/ဖြူရောင် ဆိုင်ကယ်အား လုံခြုံရေးလှည့်ကင်းမှ ရပ်တန့်စစ်ဆေးရာ ခိုင်လုံစွာပြောဆိုနိုင်ခြင်းမရှိဘဲ အောင်ပန်းမြို့ပေါ်မှ ခိုးယူလာသည်ဟု စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည် ။
အဆိုပါ ဆိုင်ကယ် ခိုးယူလာသူ စိုင်းထက်ဦး(ခ)အိုလေး ၊ သော်တာမင်း တို့၂ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ-၃၇၉ (ဆက)/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။