(မှုခင်း) စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ၂နာရီ အချိန်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၃)ရပ်ကွက်နေ မနှင်းအိဖြူ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၈၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)၊ Happy Water အလေးချိန် ၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၃၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ မနှင်းအိဖြူ(၂၈)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN