(ပြည်တွင်း) စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းထဲ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်တိုက်နယ်က ပြည်အစိုးရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံတစ်ဦးဟာ မြန်မာ့တပ်မတော်ဆီမှာ သွားရောက်ပြီး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်တိုက်နယ်မှူး မြတ်စိုးဟာ စက်တင်ဘာ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာပဲ လက်နက်ချ အလင်းဝင်သွားတာ ဖြစ်တယ်လို့ BBC က ရေးသားခဲ့တာပါ။
အလင်းဝင်သွားတဲ့ မြတ်စိုးနဲ့အတူ အနည်းဆုံး လက်နက် ၁၀ လက်နဲ့အတူ ပကဖအဖွဲ့ရဲ့ ငွေ ၁၅ သိန်းလည်း ပါသွားခဲ့တယ်လို့ သိရပါတယ်။
မြတ်စိုး အလင်းမဝင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ၎င်းရဲ့ ဇနီးဖြစ်သူမှာလည်း မြန်မာ့တပ်မတော်ဆီ အလင်းဝင်ရောက်ကာ အရင်ဘက်ပြောင်းခိုလှုံသွားခဲ့တယ်လို့ တိုက်နယ်ပကဖ အဖွဲ့ဝင်တွေက ပြောဆိုချက်ကို ကိုးကားပြီး အဆိုပါ မီဒီယာမှာ ရေးသားထားပါတယ်။
ပကဖ တိုက်နယ်မှူး အလင်းဝင်သွားခဲ့ပြီးနောက် နာပိုင်းအကြာမှာ သူအထိုင်ချခဲ့တဲ့ ဂုံညှင်းဆိပ်ရွာနဲ့ အနီးတဝိုက်နေရာတွေမှာ မြန်မာ့တပ်မတော်ရဲ့ ကင်းထောက်ဒရုန်းတွေ ပျံသန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒီစက်တင်ဘာလအတွင်းမှာ မြောင်မြို့နယ်က အကြမ်းဖက်သမား ၁၀ ဦးခန့်ဟာ စစ်တပ်ဆီမှာ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Telegram – t.me/positiveanglenews
#PAN