မိုင်းပျဉ်းတွင် ဧကရာဇ် Express ဘရိတ်ပေါက်ပြီး ချောက်ထဲကျ ၊ အမျိုးသမီး ၁ ဦး သေဆုံး

(မှုခင်း) စက်တင်ဘာ ၂

ရှမ်းပြည်နယ် ၊ မိုင်းပျဉ်းမြို့နယ် ၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင် ၅၅၅.၅ကီလိုမီတာနှင့် ၅၅၆ ကီလိုမီတာကြား ၊ ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် စက်တင်ဘာ ၁ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ဧကရာဇ် Express ခရီးသည်ယာဉ်ဘရိတ်ပေါက်ပြီး လမ်းဘေးပေ ၅၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် လူ ၂၈ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူကို တုံတာ လူမှုကူညီကယ်ဆယ်ရေးယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မိုင်းပျဉ်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#pan