

(မှုခင်း) ဩဂုတ် ၂၀
ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် (၆၀/၇) နှင့် (၆၁/၀) ကြားတွင် ယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ရရှိခဲ့ပြီး မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့်မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်၊ မှန်လုံခရီးသည်တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်-ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာအများဆုံးမောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးအပ်ထားကြောင်း သိရသည်။