အောင်ပန်းမြို့၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

(မှုခင်း) ဩဂုတ် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ နယ်မြေ (၃) တွင် ဩဂုတ် ၁၉ ရက် ညနေပိုင်းက အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့‌ေကြာင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခန့်တွင် မင်္ဂလာရပ်ကွက်၊ နယ်မြေ (၃) ရှိ နေအိမ်တစ်အိမ်၌ နေထိုင်သူ ကိုပန်းစိန်ဆိုသူသည် အိမ်အပေါ်ထပ်ရှိ ထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၏ ရုပ်အလောင်းအား အောင်ပန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

အလားတူဖြစ်စဉ်မှာ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာတွင်လည်း အသက် ၂၀ အရွယ် မတင်ချိုင်ဆိုသူ အမျိုးသမီးတစ်ဦးသည် မိသားစုအတွင်း စကားများမှုနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကြောင့် ဧပြီ ၂၄ ရက်က ပိန္နဲပင်တွင် ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။