Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာ

(ပြည်တွင်း) ဩဂုတ် ၁၄

ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Mrs. Volha Chamadanava ဦးဆောင်သည့် အဖွဲ့ဝင် ၃ ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၃ ရက် နေ့လယ် ၂ နာရီခန့်တွင် အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားပြတိုက်(နေပြည်တော်) ညွှန်ကြားရေးမှူး ဦးဆောင်၍ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre သို့ သွားရောက်ခဲ့ကြပြီး အမျိုးသားပြတိုက်၏ သမိုင်းကြောင်းနှင့် ပြတိုက်အတွင်းရှိ ပြခန်းများအကြောင်းကို Video Clip ဖြင့် ပြသရှင်းလင်းပေးခဲ့သည်။

ယင်းနောက် Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားပြတိုက်(နေပြည်တော်)ရှိ ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက ပြခန်းများနှင့် ပြသထားသည့် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအကြောင်း လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN