(မှုခင်း) သြဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်တွင် ချင်းအကြမ်းဖက် CDF-KKGတပ် ရင်း (၆)မှာ ဒုရင်းမှူး အဆင်ရှိသူအပါအဝင် ၃ဦး လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက်)ည ၁၁ နာရီခန့်မှာ ပိတောက်ကုန်းနဲ့ရှုံးရှီကြားတည်ရှိတဲ့ ရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးတွင် KKG တပ်ရင်း(၆) ဥက္ကဋ္ဌ ဒုရင်းမှူး ဘဖြိုး၊ရဲဘော်မဲကြီးနှင့် အခြားတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီးကြောင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူများမှာ Black Dragon Force အဖွဲ့မှဖြစ်ကြောင်း သိရပြီး လက်ရှိအချိန်တွင် ထွက်ပြေးနေကြောင်း ဒေသသတင်းရင်းမြစ်အရ သိရသည်။
ဖြစ်စဥ်တွင် သြဂုတ်လ ၁၁ရက် မွန်းလွဲပိုင်းအချိန်တွင် ဂန့်ဂေါမြို့နယ်ရှိ ရွာတစ်ရွာအား Black Dragon Forceသည် လက်နက် အပြည့်အစုံဖြင့် ဆက်ကြေးလာကောက်ခဲ့ရာ ဒေသခံတွေက ကြောက်လန့်နေရကြောင်း၊ အဆိုပါကျေးရွာသည် CDF KKG တပ်ရင်း (၆)၏ နယ်မြေဖြစ်သဖြင့် ညနေပိုင်းအချိန်တွင် ဒုရင်းမှူးဘဖြိုးဆိုသူက ဖုန်းနဲ့ဆက်သွယ်ပြီး နောက်တခါမလာရန် ပြောဆိုရာမှ စကားအခြေအတင်ဖြစ်ပြီး Black Dragon Forceက အခင်းဖြစ်နေရာသို့ ချိန်းဆိုပြီး စောင့်ပစ်သွားကြောင်း သိရသည်။
မတ်လ ၂၂ ရက်တွင်လည်း ဂန့်ဂေါမြို့နယ်၊ ရေမျက်နီကျေးရွာနဲ့ ညောင်လယ်ကျေးရွာအနီး YDF (ဗဟို)ဘက်က ပစ်ခတ်မှုကြောင့် YDF ခွဲထွက်အဖွဲ့ မှ အကြမ်းဖက်စစ်ဒေသမှူးဆိုသူ ကောင်းကောင်းနှင့် တပ်ဖွဲ့ဝင် စိုင်းဇော်ဝင်းတို့ ၂ဦး သေဆုံးခဲ့ပြီး အခြား PDF၂ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဂန့်ဂေါမြို့နယ်တွင် ၅လအတွင်း ၂ကြိမ်မြောက် PDFအချင်းချင်းလက်နက်ဖြင့် လုပ်ကြံ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN