(နိုင်ငံတကာ) ဩဂုတ် ၁၃
ဘယ်လာရုဇ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖိနပ်စက်ရုံဆောက်ရန် စီစဉ်နေကြောင်း Bellegprom ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဘယ်လာရုဇ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် ကောင်စစ်ဝန် ဦးစိုးပြည့်ဝင်းတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုဇ် ကုန်ချော စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (Bellegprom) နှင့် သြဂုတ်လ ၁၁ရက်နေ့တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖိနပ်ထုတ်လုပ်မှု ပိုမိုအားပေးမြှင့်တင်ရန်နှင့် ဒေသတွင်း ထုတ်လုပ်နိုင်ရေးနားလည်မှု စာချွန်လွှာ (MoU) ရေးထိုးရန်စီစဉ်ထားကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲသို့ Bellegprom ဥက္ကဋ္ဌ နာဒဇီယာ လာဇာရီဗစ်ချ်၊ BelOMO ၏ LEMT သိပ္ပံနှင့် နည်းပညာစင်တာ ဒါရိုက်တာ အာလက်ဆီ ရှကာဒါရီဗစ်ချ်နှင့် ဘယ်လာရုဇ် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပြီး မြန်မာကိုယ်စားလှယ်များလေ့လာရေးသွားမည့် BelOMO ခရီးစဉ်အကြောင်း ဆွေးနွေးခဲ့သလို ယင်းခရီးစဉ်အတွင်း ဘယ်လာရုဇ်ပညာရှင်များ၏ နည်းပညာပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ၌ ဖိနပ်စက်ရုံဆောက်လုပ်ရေး စာချုပ်သစ်လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rusပါတီဥက္ကဋ္ဌ H.E VOLHACHAMADANAVA(the chairperson) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည်သြဂုတ်လ ၁၂.ရက် နေ့တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံစက်မှုကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့အားတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီးအဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပါတီဥက္ကဋ္ဌဦးခင်ရီနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းအပြင် လွှတ်တော် ဥက္ကဋ္ဌများ ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်သန်း၊ အစိုးရဝန်ကြီးတချို့နှင့်လည်း ဆက်လက်တွေ့ဆုံံသွားရန်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN