အေးသာယာတွင် ဆိုင်ကယ်ခိုးယူသူ ညီအစ်ကို ၂ ဦး ဖမ်းမိ

(မှုခင်း) သြဂုတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဆိုင်ကယ်ခိုးယူသွားသူ ညီအစ်ကို ၂ ဦးအား သက်သေခံ ဆိုင်ကယ်နှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက အေးသာယာမြို့၊ အကွက်ကြီး (၇)၊ နယ်မြေ (၁၁) နေ အမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်း ရပ်ထားသည့် NEW ZHINENG-110 အမျိုးအစား အဖြူရောင် မော်တော် ဆိုင်ကယ် ခိုးယူခံရသဖြင့် ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့ရာ ခိုးယူသွားသူများမှာ အေးသာယာမြို့၊ ရပ်ကွက် (၈) နေ အောင်ပြည့်စုံ (ခ) အောင်ပြည့် နှင့် နေမျိုးနိုင် (ခ) ဖိုးသား တို့ ညီအစ်ကို နှစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လ ၁၂ ရက်တွင် ၎င်းတို့နေအိမ်သို့ လုံခြုံရေးအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ အစ်ကိုဖြစ်သူ အောင်ပြည့်စုံ (ခ) အောင်ပြည့် အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ခိုးယူလာသော ဆိုင်ကယ်အား အေးသာယာ မြို့၊ ရပ်ကွက် (၉) ရှိ လူမနေသည့် နေအိမ်အတွင်း ရပ်တန့်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသည့် NEW ZHINEIN-110 အမျိုးအစား၊ ဖြူ/နက်ရောင်ဆိုင်ကယ်နှင့်အတူ တူးဘောက် အတွင်းမှ ဆိုင်ကယ်လိုင်စင်၊ ဝှီးတက်နှင့် ငွေကျပ် ၃ သိန်းခွဲအား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး၎င်းနှင့်အတူ ကျူးလွန်သူတစ်ဦးဖြစ်သည့် နေမျိုးနိုင် (ခ) ဖိုးသားအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက် (၇)၊ တိုင်းလုံလမ်းဆုံအနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ အောင်ပြည့်စုံ (ခ) အောင်ပြည့်နှင့် နေမျိုးနိုင် (ခ) ဖိုးသား တို့နှစ်ဦးအား အေးသာယာ နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားရှိပြီးး တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN